အလိုအလျောက် အလင်းတောက်ပမှု ချိန်ညှိစနစ်ပါဝင်လာသော LED ကြော်ငြာဘုတ်များ တပ်ဆင်နိုင်
ယခင်က ကြော်ငြာ LED ဘုတ်များ တပ်ဆင်ရာတွင် မီးလုံးအရောင် တောက်မှုမှာ ပုံသေသာ အသုံးပြုနိုင်ရာမှ ယခုအခါ နေ့၊ ည ရာသီဥတုဆိုင်ရာ အလင်းရောင်ကိုလိုက်ပြီး LED မီးလုံးစာသားများ အလိုအလျောက် အလင်းရောင် ချိန်ညှိမှုစနစ် ပါဝင်လာကြောင်း သိရသည်။ဥပမာနေ့လည်ဘက်
ပတ်ဝန်းကျင် အလင်းရောင်များနေရင် LED ကြော်ငြာဘုတ်က စာသားတွေ Animation တွေက သာမန်ဆိုရင် အလင်းနည်းနေသလိုဖြစ်ပြီး ကြည့်ရတာ မကောင်းဘူး။ အခုစနစ်က အဲ့လို ပတ်ဝန်းကျင်က အလင်းရောင်များနေရင် LED မှာပါတဲ့ Sensor စနစ်က အလိုအလျောက် ပိုလင်းပေးစေမယ်။ အလိုအလျောက် ကြည့်ကောင်းအောင် အလင်းရောင်ချိန်ညှိပေးတယ် ” ဟု LED ကြော်ငြာဘုတ်များ တပ်ဆင်ပေးသည့် YUZANA LED မှ သိရသည်။
ယခင်သာမန် LED ကြော်ငြာဘုတ်များ တပ်ဆင်ခနှုန်းထားနှင့် ဈေးနှုန်းကွာခြားမှုမရှိဘဲ အငယ်ဆုံး အရွယ်အစား ၁ ပေx ၆ လက်မမှ စတင်ပြုလုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။ အသေးစိတ်အချက် အလက်များကို YUZANA LED (မန္တလေး) ဖုန်း-၀၉-၉၁၀၂၁၂၁၂ သို့ ဆက်သွယ်စုံစမ်းနိုင်မည် ဖြစ်သည်။

No comments:
Post a Comment