Thursday, January 16, 2014

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် e-Ayeyarwady Expo 2014 ပြပွဲကျင်းပမည်


အတွဲ (၁၅)၊ အမှတ် (၃)
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ကျင်းပပြုလုပ်မည့်  e-Ayeyarwady Expo 2014 ပြပွဲကို ဖေဖော်ဝါရီ (၂) ရက်နေ့မှ (၄) ရက်နေ့အထိ (၃) ရက်တိုင်တိုင် ပုသိမ်မြို့၊ မြို့တော်ခန်းမကြီးတွင် စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ပြပွဲတွင် တိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် အစိုးရဌာနများ၏ eGovernmnet လုပ်ငန်းစဉ်များတွင် အသုံးပြုနိုင်သော၊ တိုင်းဒေသတွင်း ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ၏ ဒေသထုတ်ကုန်များကို ပြည်တွင်းပြည်ပ ဈေးကွက်များသို့ ချိတ်ဆက်ရောင်းချနိုင်ရန် ဆောင်ရွက်နေသည့် eCommerce လုပ်ငန်းစဉ်များတွင် အသုံးပြုနိုင်သော၊ ပညာရေးကဏ္ဍတွင် တက္ကသိုလ်နှင့် အခြေခံ ပညာသင်ကြားရေးတွင် အထောက်အကူဖြစ်စေရန် ဆောင်ရွက်နေသည့် eEducation, eLearning များတွင် အသုံးပြုနိုင်သော၊ ခေတ်မီရုံးသုံးပစ္စည်းများ၊ ရုံးသုံးအီလက်ထရွန်နစ် ပစ္စည်းများ၊ ကွန်ရက်ချိတ်ဆက်မှု၊ ဆက်သွယ်ရေး နည်းစနစ်များနှင့် ပစ္စည်းများ၊ လုံခြုံရေးစနစ်နှင့် ပစ္စည်းများ ပညာရေးသုံး ကွန်ပျူတာစနစ်နှင့် ပစ္စည်းများ၊ ကျန်းမာရေးသုံး ကွန်ပျူတာစနစ်နှင့် ပစ္စည်းများ၊ အင်တာနက်ပေါ်မှ ကူးသန်းရောင်းဝယ်မှု စနစ်များနှင့် ငွေပေးချေမှု စနစ်များ၊ GPS စနစ်နှင့် ပစ္စည်းများ၊ Mobile Phoneများ၊ Tablet များ၊ Smart Phone များ နေ့စဉ် လူမှုဘဝအတွက် အီလက်ထရွန်နစ်ပစ္စည်းများ နောက်ဆုံးထွက်ရှိသော အသုံးချဆော့ဖ်ဝဲများ၊ နေ့စဉ်လူမှုဘဝအတွက် အီလက်ထရွန်နစ်ပစ္စည်းများ၊ နောက်ဆုံးထွက်ရှိသော အသုံးချဆော့ဝဲများ၊ ပစ္စည်းများ၊ ဝန်ဆောင်မှုများ (Software, Hardware, Service) ကို တစ်နေရာတည်းတွင် စုစည်းပြသ ရောင်းချပေးမည် ဖြစ်ကြောင်း  သိရသည်။
ပြပွဲအား ဖေဖော်ဝါရီလ (၂)  ရက်နေ့ တနင်္ဂနွေနေ့ နံနက် (၉) နာရီတွင် ဖွင့်လှစ်မည်ဖြစ်ပြီး၊ ဖေဖော်ဝါရီလ (၄) ရက်နေ့ အထိ (၃) ရက်တိုင်တိုင် နေ့စဉ် နံနက် ၉း၃၀ မှ ညနေ ၇း၀၀ နာရီအထိ ဖွင့်လှစ်ပြသသွားမည်ဟု သိရသည်။ ပြပွဲတွင် ပါဝင်ပြသလိုသူများ အနေဖြင့် e-Ayeyarwady Society ဖုန်း-၀၉-၄၂၂၄၉၆၆၀၀၊ ၀၉-၂၅၀၂ ၃၆၆၄၃၊ ၀၉-၄၉၇၁၇၄၂၈ သို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်မည် ဖြစ်သည်။

ပုသိမ်
Internet Journal

အပြည့်အစုံဖတ်ရန် --> http://www.myanmarcnn.com/2014/01/e-ayeyarwady-expo-2014.html#ixzz2qYkApYGq
 

အပြည့်အစုံဖတ်ရန် --> http://www.myanmarcnn.com/2014/01/e-ayeyarwady-expo-2014.html#ixzz2qYk3KocC

No comments:

Post a Comment