IPNetInfo v1.37 - Retrieves IP Address Information
ဒီပို့စ်က IP သိပြီးရင် IP ရဲ့ပိုင်ရှင်ကိုလိုက်စုံစမ်းတဲ့နည်းလေးပါး။ ဒါရေးတယ်ဆိုတော့ အထင်မကြီးလိုက်နဲ့အုန်း။ နည်းပညာပိုင်းဆိုင်ရာများ ကျနော်ရှင်းရှင်းလင်းလင်းဘာတစ်ခုမှသိတာမဟုတ်ဘူး။ နောက်ပြီး ဒါတောင်ရေးစရာ လိုလား။ IP Trace လိုက်တဲ့ Website တွေတပုံတခေါင်းကြီး။ ဟုတ်တယ်လေ အဲဒါတော့တစ်မျိုးပေါ့။ အခုဟာ ကဆော့ဝဲလေးဗျာ။ portable လည်းဖြစ်တော့ ပိုပြီးကောင်းတာပေါ့။ ဘာဖြစ်ဖြစ် များများသိလေကောင်းလေပဲ မလား။ ဒါကြောင့်တင်ပေးလိုက်တာ။
IP ခြေရာခံတဲ့ဆော့ဝဲတွေလည်းများသားပဲဗျာ။ လိုအပ်ရင်
ကျနော်ဆိုက်ကိုညွန်းပေးလိုက်မယ်။ အဲဒီမှာဒေါင်းပြီး လိုက်ကြပေတော့။
IP address ပိုင်ရှင်ရဲ့ country/state name,
IP addresses range, contact information (address, phone, fax, and email) စတာတွေကိုလွယ်လင့် တကူရှာပေးနိုင်တယ်။
ကျနော်တင်ပေးရခြင်းအကြောင်းကတော့ နည်းပညာသိရုံသက်သက်ပါပဲ။ ဘာရည်ရွယ်ချက်မှမရှိဘူး။ အရာခပ် သိမ်းကောင်းတဲ့ဖက်ကို အသုံးပြုတတ်ရင် အကောင်းတွေချည်းအကျိုးဖြစ်စေတယ်မလား။
IP အရင်သိရမယ်နော်။ မသိရင် ဒီဆော့ဝဲနဲ့လဲမကယ်နိုင်ဘူး။
အသုံပြုနည်း…
၁။ RaR ဖိုင်ကိုဖြည်လိုက်ပါရင် IPNetInfo ဖိုလ်ဒါထဲမှာ ဖိုင် (၄)ခုတွေ့ရမယ်။ IP အပြာရောင်လိုဂိုပါတဲ့ IPNetInfo ဆိုတာကိုနှိပ်ပါ။ အောက်ပါပုံတိုင်း IPNetInfo utility ဘောက်စ်ပေါ်လာမည်။
၂။ File > Choose IP Address ကိုနှိပ်၊ Choose IP Address ဘောက်စ်ပေါ်လာရင် လွတ်တဲ့အကွက်တွင် IP Address ကို paste ချလိုက်ပြီး OK
၃။ IPNetInfo utility ဘောက်စ်မှာ IP address information တွေကို တွေ့ရပါလိမ့်မယ်။

Download :
www.freewarefiles.com
No comments:
Post a Comment